အမ်ိဳးသားမ်ားအတြက္ အိမ္တြင္းလုပ္ သဘာ၀အားေဆး

0
3823

အမ်ိဳးသားမ်ားအတြက္ အိမ္တြင္းလုပ္ သဘာ၀အားေဆး

———

အမ်ိဳးသားခြန္အားအတြက္ အားတိုးေဆးအမ်ိဳးမ်ိဳးကို ၀ယ္ေသာက္ရတာ ေငြကုန္ေနလို့ စိတ္ညစ္ေနသလား။ ဘာမွမပူနဲ့ ကိုယ္တိုင္လုုပ္ အိမ္တြင္းကုထံုးနည္းေတြ အမ်ားၾကီးရွိတယ္။ တစ္ခါတည္း အမ်ားၾကီးေျပာျပလုိက္ရင္ ေရာသြားျပီး မမွတ္မ္ိမွာစိုးလို့ တစ္မ်ိဳးစီကိုပဲ ေျပာေပးမယ္။

(၁) ငွက္ေပ်ာသီးတစ္လံုး (ဖီးၾကမ္းပိုေကာင္း)

(၂) ၾကက္ဥတစ္လံုး (သဘာ၀ၾကက္ဥပိုေကာင္း)

(၃) ပ်ားရည္ (ေမြးပ်ားမဟုတ္၊ သဘာ၀ပ်ား)

(၄) သၾကား (ေဆးမဆိုးထားေသာ သၾကားညိဳ)

ေဖ်ာ္နည္း—

ဖီးၾကမ္းတစ္ဖီးရဲ့ ေဘးအစြန္ဆံုးအလံုး (၃ ေထာင့္သီး)ကို ေရြးယူပါ။ တစ္ဖီးလံုးမွာ အဲဒီအလံုးက အေကာင္းဆံုးပဲ။ငွက္ေပ်ာသီးကို အခြံခြါျပီး မတ္ခြက္၊ ဖန္ခြက္ထဲထည့္၊ ၾကက္ဥေဖာက္ထည့္၊ ပ်ားရည္ကို ထမင္းစားဇြန္းတစ္ဇြန္းထည့္၊ သၾကားကို တစ္ဇြန္းထည့္၊ သမေနေအာင္ ေရာေမႊလိုက္ျပီး စားပါ။

တာရွည္ခံေစတဲ့ ဓါတုပစၥည္းလံုး၀မပါပဲ ကိုယ္တိုင္လုပ္ သဘာ၀စစ္စစ္အားတိုးေဆးမို့ ေဘးထြက္ဆိုးက်ိဳးမရွိပါဘူး။ဒီ ၄ မ်ိဳးစလံုးဟာ က်ားခြန္အားကို တိုးပြါးေစျပီး အားအင္ျပည့္၀ေစတာမို့ေန့တိုင္းေတာ့ မစားနဲ့။ တစ္ပတ္ကို ၃ ၾကိမ္ေလာက္ပဲ စားပါ။ ခြန္အားေတြ တိုးျပီး စိတ္ေက်နပ္အျပည့္အ၀ ရလာေစမည္။

ျမန္မာတိုင္းရင္းေဆးမ်ား

===========

အမျိုးသားများအတွက် အိမ်တွင်းလုပ် သဘာဝအားဆေး

———

အမျိုးသားခွန်အားအတွက် အားတိုးဆေးအမျိုးမျိုးကို ၀ယ်သောက်ရတာ ငွေကုန်နေလို့ စိတ်ညစ်နေသလား။ ဘာမှမပူနဲ့ ကိုယ်တိုင်လုုပ် အိမ်တွင်းကုထုံးနည်းတွေ အများကြီးရှိတယ်။ တစ်ခါတည်း အများကြီးပြောပြလိုက်ရင် ရောသွားပြီး မမှတ်မ်ိမှာစိုးလို့ တစ်မျိုးစီကိုပဲ ပြောပေးမယ်။

(၁) ငှက်ပျောသီးတစ်လုံး (ဖီးကြမ်းပိုကောင်း)

(၂) ကြက်ဥတစ်လုံး (သဘာဝကြက်ဥပိုကောင်း)

(၃) ပျားရည် (မွေးပျားမဟုတ်၊ သဘာဝပျား)

(၄) သကြား (ဆေးမဆိုးထားသော သကြားညို)

ဖျော်နည်း—

ဖီးကြမ်းတစ်ဖီးရဲ့ ဘေးအစွန်ဆုံးအလုံး (၃ ထောင့်သီး)ကို ရွေးယူပါ။ တစ်ဖီးလုံးမှာ အဲဒီအလုံးက အကောင်းဆုံးပဲ။ငှက်ပျောသီးကို အခွံခွါပြီး မတ်ခွက်၊ ဖန်ခွက်ထဲထည့်၊ ကြက်ဥဖောက်ထည့်၊ ပျားရည်ကို ထမင်းစားဇွန်းတစ်ဇွန်းထည့်၊ သကြားကို တစ်ဇွန်းထည့်၊ သမနေအောင် ရောမွှေလိုက်ပြီး စားပါ။

တာရှည်ခံစေတဲ့ ဓါတုပစ္စည်းလုံးဝမပါပဲ ကိုယ်တိုင်လုပ် သဘာဝစစ်စစ်အားတိုးဆေးမို့ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ဒီ ၄ မျိုးစလုံးဟာ ကျားခွန်အားကို တိုးပွါးစေပြီး အားအင်ပြည့်ဝစေတာမို့နေ့တိုင်းတော့ မစားနဲ့။ တစ်ပတ်ကို ၃ ကြိမ်လောက်ပဲ စားပါ။ ခွန်အားတွေ တိုးပြီး စိတ်ကျေနပ်အပြည့်အဝ ရလာစေမည်။

မြန်မာတိုင်းရင်းဆေးများ

LEAVE A REPLY

Please enter your comment!
Please enter your name here