“ဘဝရဲ့ တစ္ေန႔တာကုိ သိကၡာ သုံးပါးနဲ႔ ဖြင့္ပါ “

0
538

ပုိက္ဆံမကုန္တဲ့ သိကၡာသုံးပါးကုိ ပြားမ်ား အားထုတ္ရမွာပါ။

အထူးသျဖင့္ သိကၡာသုံးပါးကုိ ျဖည့္က်င့္ျပီး ကုိယ့္ကုိယ္ကုိ အသစ္ျပန္တည္ေဆာက္ရမွာပါ။ အသစ္ တည္ေဆာက္ဖုိ႔ မိနစ္ ႏွစ္ဆယ္ ေစာထပါ။ သိကၡာ သုံးပါး တည္ေဆာက္တဲ့ ေနရာမွာ မနက္အိပ္ရာထ ကုိယ္လက္ သန္႔စင္ျပီးတဲ့အခါ တည္ေဆာက္ တာက အေကာင္းဆုံးပါပဲ။ ဘာျဖစ္လုိ႔လဲ ဆုိေတာ့ မနက္အိပ္ရာ ထစဆုိေတာ့ ဘာအာရုံမွမေတြ႔ ေသးပါဘူး။ ဒီေတာ့ အာရုံေၾကာင ့္ျဖစ္တဲ့အကုသိုလ္ မဝင္ ေသးပါဘူး။ အကုသိုလ္ဝင္မ လာေသးတဲ့ အတြက္ စိတ္ကလည္း ၾကည္လင္ ေနပါတယ္။ ဒါေၾကာင့္ ကုိယ္လက္ သန္႔စင္ျပီးရင္ ဘုရားခန္းထဲ တန္းဝင္လုိက္ပါ။

ဒါေပမယ့္ လူတုိင္းလူတုိင္းဟာ အလုပ္ကုိယ္စ ီရွိၾကတဲ့အတြက္ မအားၾကပါဘူး။ မအားတ ဲ့ၾကားထဲက အခ်ိန္ယူဖုိ႔ ဆုိတာလည္း မလြယ္လွပါဘူး။ ဒါေၾကာင့္ အခ်ိန္ပို တစ္ခု ရဖုိ႔အတြက္ မနက္ကုိ မိနစ္ႏွစ္ဆယ္ ေစာထ လုိက္ပါ။ မိနစ္ ႏွစ္ဆယ္ေလာက္ေတာ့ ကုိယ့္အတြက္ အိပ္ခ်ိန္ထူးျပီး မထိခုိက္ပါဘူး။ အိပ္ခ်ိန္ မထိခုိက္သလုိ မိသား စုအလုပ္၊ ကုိယ္ပုိင္အလုပ္ကုိလည္း မထိခုိက္ေတာ့ပါဘူး၊ ဒါမွမဟုတ္ မိနစ္ႏွစ္ဆယ္ ေစာအိပ္ရာဝင္လုိက္ပါ။

ဒီေတာ့ ကုိယ္လက္သန္႔စင္ျပီး တာနဲ႔ ဘုရားခန္းထဲ တန္းသြားလုိက္ပါ။ ျပီးေတာ့ ဘုရားကုိ ဦးသုံးႀကိမ္ခ်ျပီး ငါးပါးသီလ ယူလုိက္ပါ။ ဦးခ်တာ သီလယူတာက သုံးမိနစ္ေလာက္ ရွိပါလိမ့္မယ္။ ဒါဆုိ သီလသိကၡာတည္သြား သလုိ သီလဝိသုဒၶိ= သီလျဖဴစင္သူလည္း ျဖစ္သြားပါျပီ။

ေနာက္ – ဂုဏ္ေတာ္ကုိ ငါးမိနစ္၊ ေမတၱာကုိ ငါးမိနစ္၊ မရဏာ ႏုႆတိကုိ နွစ္မိနစ္၊ ဝိပႆနာကုိ ငါးမိနစ္ ပြါးလုိက္ပါ။ ဒါဆုိ အားလုံးေပါင္း မိနစ္္ နွစ္ဆယ္ရွိပါလိမ့္မယ္။

မိနစ္ႏွစ ္ဆယ္အခ်ိန္ေပးလုိက္တာနဲ႔ ကုိယ့္ကုိယ္ကုိ အသစ္ တည္ေဆာက္ျပီးသား ျဖစ္သြားသလုိ သီလျဖဴ စင္သူလည္းျဖစ္၊ သိကၡာ သုံးပါးတည္သူလည္း ျဖစ္သြားေတာ့တာပါ။

လူဆုိတာ ေကာင္းတာပဲျဖစ္ျဖစ္၊မေကာင္း တာပဲျဖစ္ျဖစ္ စြဲေနတတ္ပါတယ္။
ဘဝရဲ့ တစ္ေန႔တာကုိ သိကၡာ သုံးပါးနဲ႔ ဖြင့္လုိက္ရတာဟာ ကုိယ့္ကုိယ္ကုိ သိပ္ၾကည္ညိဳဖုိ႔ ေကာင္းတာပါ။ ကုိယ့္ဘဝ အသစ ္ျပန္တည္ေဆာက္ဖုိ႔ မိနစ္ ႏွစ္ဆယ္ေလးေတာ့ အခ်ိန္ေပးသင့္ပါတယ္။

ရေဝႏြယ္(အင္းမ)

ပိုက်ဆံမကုန်တဲ့ သိက္ခာသုံးပါးကို ပွားများ အားထုတ်ရမှာပါ။

အထူးသဖြင့် သိက္ခာသုံးပါးကို ဖြည့်ကျင့်ပြီး ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်ရမှာပါ။ အသစ် တည်ဆောက်ဖို့ မိနစ် နှစ်ဆယ် စောထပါ။ သိက္ခာ သုံးပါး တည်ဆောက်တဲ့ နေရာမှာ မနက်အိပ်ရာထ ကိုယ်လက် သန့်စင်ပြီးတဲ့အခါ တည်ဆောက် တာက အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မနက်အိပ်ရာ ထစဆိုတော့ ဘာအာရုံမှမတွေ့ သေးပါဘူး။ ဒီတော့ အာရုံကြောင ့်ဖြစ်တဲ့အကုသိုလ် မဝင် သေးပါဘူး။ အကုသိုလ်ဝင်မ လာသေးတဲ့ အတွက် စိတ်ကလည်း ကြည်လင် နေပါတယ်။ ဒါကြောင့် ကိုယ်လက် သန့်စင်ပြီးရင် ဘုရားခန်းထဲ တန်းဝင်လိုက်ပါ။

ဒါပေမယ့် လူတိုင်းလူတိုင်းဟာ အလုပ်ကိုယ်စ ီရှိကြတဲ့အတွက် မအားကြပါဘူး။ မအားတ ဲ့ကြားထဲက အချိန်ယူဖို့ ဆိုတာလည်း မလွယ်လှပါဘူး။ ဒါကြောင့် အချိန်ပို တစ်ခု ရဖို့အတွက် မနက်ကို မိနစ်နှစ်ဆယ် စောထ လိုက်ပါ။ မိနစ် နှစ်ဆယ်လောက်တော့ ကိုယ့်အတွက် အိပ်ချိန်ထူးပြီး မထိခိုက်ပါဘူး။ အိပ်ချိန် မထိခိုက်သလို မိသား စုအလုပ်၊ ကိုယ်ပိုင်အလုပ်ကိုလည်း မထိခိုက်တော့ပါဘူး၊ ဒါမှမဟုတ် မိနစ်နှစ်ဆယ် စောအိပ်ရာဝင်လိုက်ပါ။

ဒီတော့ ကိုယ်လက်သန့်စင်ပြီး တာနဲ့ ဘုရားခန်းထဲ တန်းသွားလိုက်ပါ။ ပြီးတော့ ဘုရားကို ဦးသုံးကြိမ်ချပြီး ငါးပါးသီလ ယူလိုက်ပါ။ ဦးချတာ သီလယူတာက သုံးမိနစ်လောက် ရှိပါလိမ့်မယ်။ ဒါဆို သီလသိက္ခာတည်သွား သလို သီလဝိသုဒ္ဓိ= သီလဖြူစင်သူလည်း ဖြစ်သွားပါပြီ။

နောက် – ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ မရဏာ နုဿတိကို နှစ်မိနစ်၊ ဝိပဿနာကို ငါးမိနစ် ပွါးလိုက်ပါ။ ဒါဆို အားလုံးပေါင်း မိနစ်် နှစ်ဆယ်ရှိပါလိမ့်မယ်။

မိနစ်နှစ ်ဆယ်အချိန်ပေးလိုက်တာနဲ့ ကိုယ့်ကိုယ်ကို အသစ် တည်ဆောက်ပြီးသား ဖြစ်သွားသလို သီလဖြူ စင်သူလည်းဖြစ်၊ သိက္ခာ သုံးပါးတည်သူလည်း ဖြစ်သွားတော့တာပါ။

လူဆိုတာ ကောင်းတာပဲဖြစ်ဖြစ်၊မကောင်း တာပဲဖြစ်ဖြစ် စွဲနေတတ်ပါတယ်။
ဘဝရဲ့ တစ်နေ့တာကို သိက္ခာ သုံးပါးနဲ့ ဖွင့်လိုက်ရတာဟာ ကိုယ့်ကိုယ်ကို သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ကိုယ့်ဘဝ အသစ ်ပြန်တည်ဆောက်ဖို့ မိနစ် နှစ်ဆယ်လေးတော့ အချိန်ပေးသင့်ပါတယ်။

ရဝေနွယ်(အင်းမ)

LEAVE A REPLY

Please enter your comment!
Please enter your name here