ပုရစ္​ တို႔ ပုဇြန္​တို႔ ႀကိဳက္​သူမ်ား ရာသီမဟုတ္​​ေသးပါပဲ ​​​ေပါ​ေနရင္​ ဒီအခ်က္​​ေလး​ေတြကို သတိထား

0
36

ပုရစ္ ေရာင္းတယ္….. ပုရစ္´´ လို႔ သံရွည္ဆြဲေအာ္လိုက္တဲ့ အသံစူးစူးေလးတစ္ခု ကြန္ပ်ဴတာ စာစီစာရိုက္လုပ္ေနတဲ့ ကၽြန္ေတာ့္ ဆိုင္ခန္းထဲကို တိုး၀င္လာပါတယ္။
မနက္ (၈) နာရီေက်ာ္ ရင္ပဲ ၀ယ္သူေရာ ၊ေရာင္းသူပါ မက်န္တဲ့ ေစ်းေသးေသးေလး သာရွိတဲ့ ရြာေလးမွာ ေနာက္က်ပီးမွ ရလာတဲ့ သား၊ငါး၊အသီးအရြက္ ေတြကို ခုလိုပဲ ရြာထဲ ေအာ္ေရာင္းၾကတာ ဓေလ့တစ္ခုလိုျဖစ္ေနတာပါ။
ပုရစ္ တစ္ရာ ဘယ္ေစ်းလဲ…..လို႔ ..ေမးသံရဲ့ အဆံုးမွာ …တစ္ရာကို ေလးေထာင္..ဆိုတဲ့ ေျဖသံေလးကိုထပ္ၾကားရပါတယ္။
ေလးေထာင္ေစ်းနဲ႔ေတာ့ မစား​ေသးဘူး သံုး​ေထာ္​​ေစ်းနဲ႔ ရမွ စားမယ္..တဲ့ ေမးသူ က ေစ်းဆစ္သလိုလို…တကိုယ္တည္းၿငီးတြားသလိုလို.. ေျပာသံ ကိုဆက္တိုက္ၾကားရတယ္။
က်န္ေဒသေတြမွာ ပုရစ္တစ္ရာကို တစ္ေသာင္းသံုးေထာင္၊ တစ္ေသာင္းခြဲေလာက္ေစ်းရွိေနတာကို သိေနတဲ့ ကိုယ့္အဖို႔ ပုရစ္တစ္ရာကို ေလးေထာင္ဆို တာ မမ်ားတဲ့ေစ်းမွန္းသိပါတယ္။
ၿပီးေတာ့ ပုရစ္ရွာလို႔ ရတဲ့ နည္းေတြထဲမွာ ဒီကေလးလာေရာင္းတဲ့အခ်ိန္ကိုတြက္ၾကည့္ေတာ့ အခက္ဆံုးနည္းနဲ႔ ရလာ တယ္လို႔ ခန္႔မွန္းမိတယ္။
ကၽြန္ေတာ္တို႔ဆီမွာ ပုရစ္ ရွာတဲ့နည္းအမ်ိဳးမ်ိဳးရွိတယ္။ မိုးဦးက် ေရႀကီးတဲ့အခ်ိန္ မွာ ပုရစ္တြင္းထဲကို ေရ၀င္လို႔ အျပင္ ထြက္ လာတဲ့ပုရစ္ကေလးေတြကို ေခ်ာင္းတဖက္ကမ္း ကိုင္းခံု ေတြမွာ ေလွေလွာ္ၿပီးလိုက္ေကာက္တဲ့ နည္းက အလြယ္ဆံုးပါ။
အေကာင္အေရ အတြက္အမ်ား ႀကီး ရတတ္ပါတယ္။ ေနာက္ ၿပီး မိုးတြင္းရာသီထဲမွာပဲ ညဖက္ မီးေရာင္ ျပၿပီး ဖမ္းရတာလဲလြယ္ပါတယ္။
ဒီရာသီ… မိုးအကုန္ ေဆာင္းအကူး မွာ ညဖက္ ပုရစ္ တြင္းထဲ ေရေလာင္းထည့္ၿပီးဖမ္းတဲ့ နည္းလဲလြယ္ပါတယ္။
ညဖက္အိပ္ေရးပ်က္ေတာ့ ခံရပါတယ္။ ဒီနည္းနဲ႔ရလာတဲ့ပုရစ္ေလးေတြက မနက္ေစာေစာ ေစ်း အမီ ေရာင္းႏိုင္ၾကပါတယ္။
အခုဒီကေလး လာေရာင္းတဲ့ပုရစ္ေလးေတြက အခက္ခဲဆံုးျဖစ္တဲ့ ပုရစ္က်ိတ္ကို ေပါက္တူးနဲ႔ တူးပီး ေျမႀကီးထဲက ေဖာ္ရတဲ့နည္း ပါ။
မနက္ေစာေစာ ခ်မ္းခ်မ္းစီးစီး အခ်ိန္ကတည္းက ထၿပီး ေပါက္တူးတစ္လက္ ထမ္း၊ဓါးမတိုေလးခါးထိုးၿပီး ကိုင္းခံုေတြမွာ ပုရစ္ က်ိတ္ကို ရွာတူးရပါတယ္။ လူတစ္ေယာက္ရွာရင္ တစ္မနက္စာအတြက္ အေကာင္တစ္ရာ ရတာအမ်ားဆံုးပါပဲ။
စာနာစိတ္နဲ႔သေရယိုတာပါေရာၿပီး သူ႔ပုရစ္ကို ကၽြန္ေတာ္ ၀ယ္ပါတယ္။ ပိုက္ဆံေပးၿပီးလို႔ သူထြက္သြားေတာ့ ၊ ကၽြန္ေတာ့္ဆီမွာ စာစီလာအပ္တဲ့ အကိုက ပုရစ္ေတြကိုၾကည့္ၿပီး ေျပာပါတယ္။
အဲဒီပုရစ္ေတြက ေဆးခ်ထားတဲ့ပုရစ္ေတြ..တဲ့။ မင္းၾကည့္စမ္း တစ္ေကာင္မွ အရွင္မပါဘူး.. တဲ့..ေလ။ ဟုတ္ပါတယ္။ သူေျပာမွ ကၽြန္ေတာ္ သတိထားမိတယ္။
ပုံမွန္ဆို ဒါဏ္ရာ မရွိတဲ့ပုရစ္ေလးေတြက ယြစိယြစိနဲ႔ သြားေနၾက တာ။တခ်ိိဳ႕ဆို ခုန္ႏိုင္ၾကေသး တယ္။ ခု…အားလံုးအေသပါ။ ဒီေတာ့မွ အဲ့အကိုဆက္ရွင္းျပတယ္။
အဲဒါ သန္​းဒါး​ေဆး 10cc တစ္ထုပ္ကို ​ေရသန္​႔ဗူး တစ္​ဗူးထဲ ထည္​့​ေဖ်ာ္​ၿပီး စမွာ အ၀တ္ပတ္ ၊ ေဆးရည္ကို အ၀တ္စမွာ ဆြတ္ၿပီး ပုရစ္တြင္း၀မွာ ေတ့ထားတာ …ပုရစ္က ေဆးနံ႔ မခံႏိုင္ေတာ့ဘဲ အျပင္ထြက္လာမွ ေကာက္ဖမ္း လိုက္တာ ..တဲ့။ ဒီနည္းနဲ႔ ရတဲ့ ပုရစ္ေတြက ေဆးဒဏ္ေၾကာင့္ ၾကာၾကာမခံဘဲ ေသေနတာ ဆိုပဲ။
ေတာ္ေတာ့ကို ၾကက္သီး ထစရာေကာင္းပါတယ္။သန္းဒါးဆိုတာကုမၸဏီအမည္ပါ။ မူရင္းေဆးအမည္က ဆိုက္ပါမီသရင္း ။ စိုက္ပ်ိဳးေရးသံုး အင္းဆက္ပိုး သတ္ေဆးတစ္မ်ိဳးပါ။
တကယ္ဆို ကၽြန္ေတာ္တို႔ ဆီမွာ အသီးအႏွံေတြက ေရြးၿပီးစားတတ္ရင္ ၾသဂဲနစ္ ေတြမ်ားပါတယ္။ ရာသီေပၚ မိႈ၊မွ်စ္၊သေဘၤာညြန္႔ (ကတတ္ရိုး) ၊ေကာက္ေကာက္ရိုး၊သခြပ္ပြင့္…အစ ၊မန္က်ဥ္းႏု ..အဆံုး…ခ်ေရးျပလို႔ မကုန္ပါဘူး။
စိုက္ပ်ိဳးၿပီးမွ ရတဲ့သီးႏွံ႔ေတြမွာေတာင္ ကန္စြန္း၊ခ်ဥ္ေပါင္နဲ႔ မုန္လာ ေတြမွာ ပိုးသတ္ေဆး မသံုးၾကပါဘူး။
ပိုးသတ္ေဆးေတြရဲ့အႏၱရာယ္က ကၽြန္ေတာ္တို႔ေဒသ မွာ ေတာ္ေတာ္ ဆိုး၀ါးတဲ့ အေျခအေနတစ္ခုကို ေရာက္ေနပါၿပီ။
ေဆာင္းတြင္းနဲ႔ ေႏြမွာ ဒီေရ အတက္ အက် က ကၽြန္ေတာ္ တို႔ ရြာထိေရာက္လာၿပီးဆိုရင္..။ ဒီေရနဲ႔ အတူ ပုဇြန္တုပ္ႀကီးေတြနဲ႔ငါးႀကီးေတြက ေခ်ာင္းဖ်ားပိုင္းေရခ်ိဳအရပ္ကို ဥခ်ဖို႔ တက္ လာၾကပါ တယ္။

ငါး၊ပုဇြန္ တက္ဖို႔ ဒီေရသင့္တဲ့ရက္ဆိုရင္(ေဒသအေခၚ ဖ်ားသင့္တယ္လို႔ေခၚပါတယ္) ေခ်ာင္းဖ်ားဖက္က သန္းဒါးေဆး 100cc တစ္ပုလင္းကို ေဖာက္ခ် လိုက္ရင္ ဥခ်ဖို႔ တက္လာတဲ့ ေရထဲကေက်ာရိုးမဲ့ အကုန္ေသပါတယ္။
ေရထဲက ဥငယ္ေလးေတြကအစ သားေပါက္ေလးေတြအဆံုး အကုန္ေသ ၾကပါတယ္။ တစ္ေကာင္ကို တစ္ဆယ္သား၊တစ္ဆယ့္ငါးက်ပ္သား ေလာက္ ပုဇြန္တုပ္ႀကီးေတြက ေဆးဒါဏ္ေၾကာင့္ ကမ္းစပ္ကို အတင္းတိုးၾကပါတယ္။
လက္နဲ႔ အလြယ္တကူဖမ္းယံုပါပဲ။ ဒီေဆး ခ်ထားတဲ့ ဒီေရတစ္ပတ္ဆို ေခ်ာင္းထဲမွာ ဘာေကာင္မွ မရွိပါဘူး။
သူတို႔ လိုခ်င္တဲ့ အေကာင္ႀကီးတင္မက သားေပါက္နဲ႔ ဥေတြပါ ေသကုန္တာက အလြန္ပဲ ၀မ္းနည္းစရာေကာင္းပါတယ္။ ေနာက္ထပ္ သယံဇာတ ဆံုးရႈံုးရသလို ေဂဟ စနစ္ကိုလဲ ဖ်က္ဆီး လိုက္ တာပါ။
ကၽြန္ေတာ္တို႔ ေဒသမွာ ေဒသအေခၚ ငါးရိ၊ငါးေျပာင္း၊ ငါး၀င္း ဆိုတဲ ေရခ်ိဳငါး အလြန္ေပါပါတယ္။ လြန္ခဲ့တဲ့ ႏွစ္..ႏွစ္ဆယ္ေလာက္က ဆိုရင္ ဖ်ံ ေတြ ေတာင္ရွိပါေသးတယ္။
သန္းဒါး(ဆိုက္ပါမီသရင္း)ေၾကာင့္ ပုဇြန္ေတြ ေသရတဲ့အျပင္ အလြန္ဥာဏ္ႀကီးတဲ့ ကိုယ့္လူမ်ိဳးေတြက ငါးအတြက္ သီးသန္႔ ေဆးတစ္ မ်ိဳး ကိုသံုးပါတယ္။

ဟုိးအရင္ အစိုးရဆီက အင္ဒရင္း ေဆးလြယ္လြယ္ရတုန္းအခ်ိန္မွာ အင္ဒရင္းဟာ ငါးသတ္ေဆးပါ။ ခု အလြယ္မရၾကေတာ့ သိုင္အိုလစ္ ဆိုတဲ့ အမည္နဲ႔ ေဆးကိုသံုးပါတယ္။
ငါးမ်ားမ်ားရွိတဲ့ေရအိုင္မွာ ပိုက္တန္းၿပီးတာနဲ႔ ေဆးကို ေရထဲ ခ်လိုက္ယံုပါပဲ။ ေက်ာက္ေခါင္းနဲ႔ ေရထဲကခ်ံဳေတြထဲ ခိုေအာင္းေနတဲ့ ငါး တစ္ေကာင္မွ မေနႏိုင္ေတာ့ပါဘူး။
ရုန္းရင္းဆန္ခတ္ေရေပၚေပၚတက္လာၿပီး ေထာင္ထားတဲ့ ပိုက္ထဲ အကုန္မိပါ တယ္။ ကံေကာင္း လို႔ ပိုက္ထဲမမိ တဲ့ငါးလဲ မၾကာပါဘူး။ေသတာပါပဲ။
ဒီနည္းနဲ႔ ငါးဖမ္း၊ပုဇြန္ရွာၾကတာ က ဒီေဒသမွာ ဆယ္စုႏွစ္တစ္ခုေလာက္ ၾကာခဲ့ပါၿပီ။ဒီႏွစ္အတြက္လဲ အရင္ႏွစ္ေတြကလို ေခ်ာင္းထဲ ေဆးခ်ၿပီးငါး၊ ပုဇြန္ရွာၾကအံုးမွာပါ။
ခုဆို လမူးေခ်ာင္းထဲ မွာ မ်ိဳးတုန္းသြားတဲ့ ငါးေတြလဲ ရွိပါတယ္။ ငါး၀က္လို႔ေခၚတဲ့ ငါးတစ္မ်ိဳးဆို မျမင္ဘူးေတာ့တာ အေတာ္ၾကာပါၿပီ။
ဒီျပႆနာ မ်ိဳးေတြဟာ ကၽြန္ေတာ္တို႔ ေဒသတစ္ခုတည္းမွာ ျဖစ္ေနတာေတာ့ မဟုတ္ဘူးလို႔ထင္ပါတယ္။ ျမန္မာ ႏုိင္ငံတစ္နံတစ္လ်ားမွာ အမ်ားအျပားျဖစ္ေနၾကမွာပါ။
ဒီျပႆနာဟာ တကယ္တမ္းေျဖရွင္းမယ္ဆို ေျဖရွင္းလို႔ သိပ္မခက္တဲ့ ျပႆနာပါ။

ဒီအေျခအေန ဒီအတိုင္းဆက္သြားေနရင္ေတာ့ သဘာ၀ပတ္၀န္းက်င္အတြက္ တင္မကဘဲ အမ်ိဳးသားက်န္းမာေရး အတြက္ပါ ရင္ေလးမိပါတယ္ခင္ဗ်ား…..။
Leobon Kyaw

12:30

၂၈.၁၀.၂၀၁၆

လမူးေမာ္ရြာ၊ေတာင္ကုတ္ၿမိဳ႕နယ္။


Unicode နွင့္ဖတ္ရူရန္

ပုရစ် တို့ ပုဇွန်တို့ ကြိုက်သူများ ရာသီမဟုတ်သေးပါပဲ ပေါနေရင် ဒီအချက်လေးတွေကို သတိထား
ပုရစ် ရောင်းတယ်….. ပုရစ်´´ လို့ သံရှည်ဆွဲအော်လိုက်တဲ့ အသံစူးစူးလေးတစ်ခု ကွန်ပျူတာ စာစီစာရိုက်လုပ်နေတဲ့ ကျွန်တော့် ဆိုင်ခန်းထဲကို တိုးဝင်လာပါတယ်။
မနက် (၈) နာရီကျော် ရင်ပဲ ဝယ်သူရော ၊ရောင်းသူပါ မကျန်တဲ့ ဈေးသေးသေးလေး သာရှိတဲ့ ရွာလေးမှာ နောက်ကျပီးမှ ရလာတဲ့ သား၊ငါး၊အသီးအရွက် တွေကို ခုလိုပဲ ရွာထဲ အော်ရောင်းကြတာ ဓလေ့တစ်ခုလိုဖြစ်နေတာပါ။
ပုရစ် တစ်ရာ ဘယ်ဈေးလဲ…..လို့ ..မေးသံရဲ့ အဆုံးမှာ …တစ်ရာကို လေးထောင်..ဆိုတဲ့ ဖြေသံလေးကိုထပ်ကြားရပါတယ်။
လေးထောင်ဈေးနဲ့တော့ မစားသေးဘူး သုံးထော်ဈေးနဲ့ ရမှ စားမယ်..တဲ့ မေးသူ က ဈေးဆစ်သလိုလို…တကိုယ်တည်းငြီးတွားသလိုလို.. ပြောသံ ကိုဆက်တိုက်ကြားရတယ်။
ကျန်ဒေသတွေမှာ ပုရစ်တစ်ရာကို တစ်သောင်းသုံးထောင်၊ တစ်သောင်းခွဲလောက်ဈေးရှိနေတာကို သိနေတဲ့ ကိုယ့်အဖို့ ပုရစ်တစ်ရာကို လေးထောင်ဆို တာ မများတဲ့ဈေးမှန်းသိပါတယ်။
ပြီးတော့ ပုရစ်ရှာလို့ ရတဲ့ နည်းတွေထဲမှာ ဒီကလေးလာရောင်းတဲ့အချိန်ကိုတွက်ကြည့်တော့ အခက်ဆုံးနည်းနဲ့ ရလာ တယ်လို့ ခန့်မှန်းမိတယ်။
ကျွန်တော်တို့ဆီမှာ ပုရစ် ရှာတဲ့နည်းအမျိုးမျိုးရှိတယ်။ မိုးဦးကျ ရေကြီးတဲ့အချိန် မှာ ပုရစ်တွင်းထဲကို ရေဝင်လို့ အပြင် ထွက် လာတဲ့ပုရစ်ကလေးတွေကို ချောင်းတဖက်ကမ်း ကိုင်းခုံ တွေမှာ လှေလှော်ပြီးလိုက်ကောက်တဲ့ နည်းက အလွယ်ဆုံးပါ။
အကောင်အရေ အတွက်အများ ကြီး ရတတ်ပါတယ်။ နောက် ပြီး မိုးတွင်းရာသီထဲမှာပဲ ညဖက် မီးရောင် ပြပြီး ဖမ်းရတာလဲလွယ်ပါတယ်။
ဒီရာသီ… မိုးအကုန် ဆောင်းအကူး မှာ ညဖက် ပုရစ် တွင်းထဲ ရေလောင်းထည့်ပြီးဖမ်းတဲ့ နည်းလဲလွယ်ပါတယ်။
ညဖက်အိပ်ရေးပျက်တော့ ခံရပါတယ်။ ဒီနည်းနဲ့ရလာတဲ့ပုရစ်လေးတွေက မနက်စောစော ဈေး အမီ ရောင်းနိုင်ကြပါတယ်။
အခုဒီကလေး လာရောင်းတဲ့ပုရစ်လေးတွေက အခက်ခဲဆုံးဖြစ်တဲ့ ပုရစ်ကျိတ်ကို ပေါက်တူးနဲ့ တူးပီး မြေကြီးထဲက ဖော်ရတဲ့နည်း ပါ။
မနက်စောစော ချမ်းချမ်းစီးစီး အချိန်ကတည်းက ထပြီး ပေါက်တူးတစ်လက် ထမ်း၊ဓါးမတိုလေးခါးထိုးပြီး ကိုင်းခုံတွေမှာ ပုရစ် ကျိတ်ကို ရှာတူးရပါတယ်။ လူတစ်ယောက်ရှာရင် တစ်မနက်စာအတွက် အကောင်တစ်ရာ ရတာအများဆုံးပါပဲ။
စာနာစိတ်နဲ့သရေယိုတာပါရောပြီး သူ့ပုရစ်ကို ကျွန်တော် ဝယ်ပါတယ်။ ပိုက်ဆံပေးပြီးလို့ သူထွက်သွားတော့ ၊ ကျွန်တော့်ဆီမှာ စာစီလာအပ်တဲ့ အကိုက ပုရစ်တွေကိုကြည့်ပြီး ပြောပါတယ်။
အဲဒီပုရစ်တွေက ဆေးချထားတဲ့ပုရစ်တွေ..တဲ့။ မင်းကြည့်စမ်း တစ်ကောင်မှ အရှင်မပါဘူး.. တဲ့..လေ။ ဟုတ်ပါတယ်။ သူပြောမှ ကျွန်တော် သတိထားမိတယ်။
ပုံမှန်ဆို ဒါဏ်ရာ မရှိတဲ့ပုရစ်လေးတွေက ယွစိယွစိနဲ့ သွားနေကြ တာ။တချို့ဆို ခုန်နိုင်ကြသေး တယ်။ ခု…အားလုံးအသေပါ။ ဒီတော့မှ အဲ့အကိုဆက်ရှင်းပြတယ်။
အဲဒါ သန်းဒါးဆေး 10cc တစ်ထုပ်ကို ရေသန့်ဗူး တစ်ဗူးထဲ ထည့်ဖျော်ပြီး စမှာ အဝတ်ပတ် ၊ ဆေးရည်ကို အဝတ်စမှာ ဆွတ်ပြီး ပုရစ်တွင်းဝမှာ တေ့ထားတာ …ပုရစ်က ဆေးနံ့ မခံနိုင်တော့ဘဲ အပြင်ထွက်လာမှ ကောက်ဖမ်း လိုက်တာ ..တဲ့။ ဒီနည်းနဲ့ ရတဲ့ ပုရစ်တွေက ဆေးဒဏ်ကြောင့် ကြာကြာမခံဘဲ သေနေတာ ဆိုပဲ။
တော်တော့ကို ကြက်သီး ထစရာကောင်းပါတယ်။သန်းဒါးဆိုတာကုမ္ပဏီအမည်ပါ။ မူရင်းဆေးအမည်က ဆိုက်ပါမီသရင်း ။ စိုက်ပျိုးရေးသုံး အင်းဆက်ပိုး သတ်ဆေးတစ်မျိုးပါ။
တကယ်ဆို ကျွန်တော်တို့ ဆီမှာ အသီးအနှံတွေက ရွေးပြီးစားတတ်ရင် သြဂဲနစ် တွေများပါတယ်။ ရာသီပေါ် မှို၊မျှစ်၊သငေ်္ဘာညွန့် (ကတတ်ရိုး) ၊ကောက်ကောက်ရိုး၊သခွပ်ပွင့်…အစ ၊မန်ကျဉ်းနု ..အဆုံး…ချရေးပြလို့ မကုန်ပါဘူး။
စိုက်ပျိုးပြီးမှ ရတဲ့သီးနှံ့တွေမှာတောင် ကန်စွန်း၊ချဉ်ပေါင်နဲ့ မုန်လာ တွေမှာ ပိုးသတ်ဆေး မသုံးကြပါဘူး။
ပိုးသတ်ဆေးတွေရဲ့အန္တရာယ်က ကျွန်တော်တို့ဒေသ မှာ တော်တော် ဆိုးဝါးတဲ့ အခြေအနေတစ်ခုကို ရောက်နေပါပြီ။
ဆောင်းတွင်းနဲ့ နွေမှာ ဒီရေ အတက် အကျ က ကျွန်တော် တို့ ရွာထိရောက်လာပြီးဆိုရင်..။ ဒီရေနဲ့ အတူ ပုဇွန်တုပ်ကြီးတွေနဲ့ငါးကြီးတွေက ချောင်းဖျားပိုင်းရေချိုအရပ်ကို ဥချဖို့ တက် လာကြပါ တယ်။

ငါး၊ပုဇွန် တက်ဖို့ ဒီရေသင့်တဲ့ရက်ဆိုရင်(ဒေသအခေါ် ဖျားသင့်တယ်လို့ခေါ်ပါတယ်) ချောင်းဖျားဖက်က သန်းဒါးဆေး 100cc တစ်ပုလင်းကို ဖောက်ချ လိုက်ရင် ဥချဖို့ တက်လာတဲ့ ရေထဲကကျောရိုးမဲ့ အကုန်သေပါတယ်။
ရေထဲက ဥငယ်လေးတွေကအစ သားပေါက်လေးတွေအဆုံး အကုန်သေ ကြပါတယ်။ တစ်ကောင်ကို တစ်ဆယ်သား၊တစ်ဆယ့်ငါးကျပ်သား လောက် ပုဇွန်တုပ်ကြီးတွေက ဆေးဒါဏ်ကြောင့် ကမ်းစပ်ကို အတင်းတိုးကြပါတယ်။
လက်နဲ့ အလွယ်တကူဖမ်းယုံပါပဲ။ ဒီဆေး ချထားတဲ့ ဒီရေတစ်ပတ်ဆို ချောင်းထဲမှာ ဘာကောင်မှ မရှိပါဘူး။
သူတို့ လိုချင်တဲ့ အကောင်ကြီးတင်မက သားပေါက်နဲ့ ဥတွေပါ သေကုန်တာက အလွန်ပဲ ဝမ်းနည်းစရာကောင်းပါတယ်။ နောက်ထပ် သယံဇာတ ဆုံးရှုံးရသလို ဂေဟ စနစ်ကိုလဲ ဖျက်ဆီး လိုက် တာပါ။
ကျွန်တော်တို့ ဒေသမှာ ဒေသအခေါ် ငါးရိ၊ငါးပြောင်း၊ ငါးဝင်း ဆိုတဲ ရေချိုငါး အလွန်ပေါပါတယ်။ လွန်ခဲ့တဲ့ နှစ်..နှစ်ဆယ်လောက်က ဆိုရင် ဖျံ တွေ တောင်ရှိပါသေးတယ်။
သန်းဒါး(ဆိုက်ပါမီသရင်း)ကြောင့် ပုဇွန်တွေ သေရတဲ့အပြင် အလွန်ဉာဏ်ကြီးတဲ့ ကိုယ့်လူမျိုးတွေက ငါးအတွက် သီးသန့် ဆေးတစ် မျိုး ကိုသုံးပါတယ်။

ဟိုးအရင် အစိုးရဆီက အင်ဒရင်း ဆေးလွယ်လွယ်ရတုန်းအချိန်မှာ အင်ဒရင်းဟာ ငါးသတ်ဆေးပါ။ ခု အလွယ်မရကြတော့ သိုင်အိုလစ် ဆိုတဲ့ အမည်နဲ့ ဆေးကိုသုံးပါတယ်။
ငါးများများရှိတဲ့ရေအိုင်မှာ ပိုက်တန်းပြီးတာနဲ့ ဆေးကို ရေထဲ ချလိုက်ယုံပါပဲ။ ကျောက်ခေါင်းနဲ့ ရေထဲကချုံတွေထဲ ခိုအောင်းနေတဲ့ ငါး တစ်ကောင်မှ မနေနိုင်တော့ပါဘူး။
ရုန်းရင်းဆန်ခတ်ရေပေါ်ပေါ်တက်လာပြီး ထောင်ထားတဲ့ ပိုက်ထဲ အကုန်မိပါ တယ်။ ကံကောင်း လို့ ပိုက်ထဲမမိ တဲ့ငါးလဲ မကြာပါဘူး။သေတာပါပဲ။
ဒီနည်းနဲ့ ငါးဖမ်း၊ပုဇွန်ရှာကြတာ က ဒီဒေသမှာ ဆယ်စုနှစ်တစ်ခုလောက် ကြာခဲ့ပါပြီ။ဒီနှစ်အတွက်လဲ အရင်နှစ်တွေကလို ချောင်းထဲ ဆေးချပြီးငါး၊ ပုဇွန်ရှာကြအုံးမှာပါ။
ခုဆို လမူးချောင်းထဲ မှာ မျိုးတုန်းသွားတဲ့ ငါးတွေလဲ ရှိပါတယ်။ ငါးဝက်လို့ခေါ်တဲ့ ငါးတစ်မျိုးဆို မမြင်ဘူးတော့တာ အတော်ကြာပါပြီ။
ဒီပြဿနာ မျိုးတွေဟာ ကျွန်တော်တို့ ဒေသတစ်ခုတည်းမှာ ဖြစ်နေတာတော့ မဟုတ်ဘူးလို့ထင်ပါတယ်။ မြန်မာ နိုင်ငံတစ်နံတစ်လျားမှာ အများအပြားဖြစ်နေကြမှာပါ။
ဒီပြဿနာဟာ တကယ်တမ်းဖြေရှင်းမယ်ဆို ဖြေရှင်းလို့ သိပ်မခက်တဲ့ ပြဿနာပါ။
ဒီအခြေအနေ ဒီအတိုင်းဆက်သွားနေရင်တော့ သဘာဝပတ်ဝန်းကျင်အတွက် တင်မကဘဲ အမျိုးသားကျန်းမာရေး အတွက်ပါ ရင်လေးမိပါတယ်ခင်ဗျား…..။
Leobon Kyaw

12:30

၂၈.၁၀.၂၀၁၆

လမူးမော်ရွာ၊တောင်ကုတ်မြို့နယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here