မိမိကေလးလုိမျဖစ္ေစဖုိ႔ ကေလးေတြကုိဂရုစုိက္ဖုိ႔လုိေၾကာင္းေျပာသြားတဲ့ မိခင္တစ္ဦးရဲ႕ျဖစ္ရပ္

0
5864

ၿပီးခဲ့တဲ့ အပတ္တုန္းက ဖိလစ္ပိုင္က မိခင္တစ္ဦးျဖစ္တဲ့ Riza Canunayan က သူမႀကဳံေတြ႔ခဲ့ရတဲ့ ထိတ္လန္႔ဖြယ္ျဖစ္ရပ္တစ္ခုကို သတိေပးတဲ့အေနနဲ႔ သူမရဲ႕စာမ်က္ႏွာမွာ တင္ခဲ့တာပဲျဖစ္ပါတယ္။ သူမမွာ ၂ႏွစ္အရြယ္ သမီးေလးတစ္ေယာက္ရွိပါတယ္။ ဒီသမီးေလးဟာပုံမွန္မဟုတ္ပဲ အသက္ရႈမ၀သလုိျဖစ္ေနတာေလးရက္ေလာက္ရွိၿပီ လုိ႔ သူမသတိထားမိခဲ့ပါတယ္။ ဒါေပမယ့္ ဒါဟာ ပုံမွန္ေနမေကာင္းျဖစ္တဲ့လကၡဏာလုိ႔ပဲ သူမ ထင္ခဲ့ၿပီး အမွတ္တမဲ့ေနမိခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ သမီးေလးရဲ႕ႏွာေခါင္းတစ္ဖက္က ေလမထြက္ပဲ တစ္ဖက္တည္းနဲ႔အသက္ရႈေနတာကို သတိထားမိျပန္ပါတယ္။ ပုံမွန္ႏွာေခါင္းပိတ္ေနတယ္လုိ႔ပဲ ထင္မိျပန္ပါတယ္။

ဒါေပမယ့္ အဲဒီညမွာေတာ့ သူမအိပ္ရာက တေရးႏုိးေတာ့ သမီးရဲ႕ႏွာေခါင္းထဲကုိ ဓာတ္မီးနဲ႔ထုိးၾကည့္မိပါတယ္။ အဲဒီလုိၾကည့္ရင္း ႏွာေခါင္းအရင္းနားမွာ ေငြေရာင္အရာ၀ထၳဳေလးတစ္ခုကို သြားေတြ႔မိေတာ့ သူမလန္႔ျဖန္႔သြားပါတယ္။ ဆြဲထုတ္ၾကည့္ဖုိ႔ႀကဳိးစားေပမယ့္ လန္႔ၿပီးလက္ေတြတုန္ေနတာေၾကာင့္ အဆင္မေျပခဲ့ပါဘူး။ အခ်ိန္ကလည္း ည ၁နာရီျဖစ္ေနပါၿပီ။ သမီးေလးအတြက္ အစုိးရိမ္လြန္သြားၿပီး ၂၄နာရီဖြင့္တဲ့ ေဆးရုံကိုေျပးၿပီးဆရာ၀န္ထံျပခဲ့ပါတယ္။

ဆရာ၀န္က အထဲကအရာ၀ထၳဳကို ဆြဲထုတ္ၿပီးတဲ့အခါ သမီးေလးႏွာေခါင္းထဲက ေသြးေတြထြက္လာတဲ့အတြက္ စုိးရိမ္မိျပန္ပါတယ္။ ဒါဟာ ႏွာေခါင္းထဲက အရာ၀ထၳဳကိုဆြဲထုတ္ရင္းထိခုိက္မိတာလုိ႔ ဆရာ၀န္ကရွင္းၿပီၿပီး သူမရဲ႕လက္ထဲကုိ ေငြေရာင္ခ်ိတ္ကေလးတစ္ခုကို ထည့္ေပးခဲ့ပါတယ္။ သမီးေလးႏွာေခါင္းထဲကုိ ၀င္ခဲ့တဲ့အရာဟာ လက္သည္းညွပ္က ခ်ိတ္ကေလးပဲျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ သမီးျဖစ္သူကုိ ေဆးရုံကေန အိမ္ျပန္ေခၚခဲ့ပါတယ္။ ဒါေပမယ့္ ကေလးက ပုံမမွန္သလုိျဖစ္ေနပါေသးၿပီး ႏွာေခါင္းတစ္ဖက္ကလည္း အလုပ္မလုပ္ေသးပါဘူး။ ေသခ်ာၾကည့္လုိက္ေတာ့ ကေလးရဲ႕ႏွာေခါင္းထဲမွာ အ၀ါေရာင္သန္းေနတဲ့အရာကိုထပ္ေတြ႔ျပန္ပါတယ္။ သူမႀကဳိးစားၿပီးဆြဲထုတ္တဲ့အခါမွာေတာ့ အပ္ခ်ည္မ်င္ႀကဳိးေတြဟာ ႏွပ္ေတြနဲ႔လုံးၿပီး ႏွာေခါင္းကိုပိတ္ေနတာကို သိလုိက္ရပါတယ္။

ဒါဟာ သူမရဲ႕ကေလးကိုေသေသခ်ာခ်ာဂရုမစိုက္မိတဲ့အျပစ္ျဖစ္ေၾကာင္း ၊ ဘာမွမျဖစ္တဲ့အတြက္ဘုရားသခင္ကို ေက်းဇူးတင္ေၾကာင္း ၊ ဒီအရြယ္ဟာငယ္ေသးတဲ့အတြက္ ဘာျဖစ္တယ္ဆုိတာ ခံစားရသမွ်ကိုမေျပာႏုိင္ေသးေၾကာင္း ၊ မိဘေတြဟာ ကေလးငယ္ေတြရဲ႕အနီးအနားမွာ အလြယ္တကူယူငင္ႏုိင္တဲ့ ပစၥည္းေသးေသးေလးေတြကို မထားသင့္ေၾကာင္း သတိေပးသြားပါတယ္။ အခုအခ်ိန္မွာေတာ့ ကေလးငယ္ဟာ ျပန္လည္က်န္းမာလာၿပီျဖစ္ပါတယ္။ ဒီလုိမ်ဳိးကေလးရဲ႕ႏွာေခါင္းထဲကို အရာ၀ထၳဳေတြ၀င္ဖုိ႔ဆုိတာ မလြယ္ကူေပမယ့္ ႀကဳိတင္သတိထားတာ အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။ သူမႀကဳံေတြတဲ့ျဖစ္ရပ္အား ေရးသားရင္း မိဘေတြကို သတိေပးထားတဲ့ပုိစ့္ကုိ လူေပါင္း ၃ေသာင္းနီးပါးက မွ်ေ၀သြားၾကပါတယ္။


မိမိကလေးလိုမဖြစ်စေဖို့ ကလေးတွေကိုဂရုစိုက်ဖို့လိုကြောင်းပြောသွားတဲ့ မိခင်တစ်ဦးရဲ့ဖြစ်ရပ် (unicode)

ပြီးခဲ့တဲ့ အပတ်တုန်းက ဖိလစ်ပိုင်က မိခင်တစ်ဦးဖြစ်တဲ့ Riza Canunayan က သူမကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်တစ်ခုကို သတိပေးတဲ့အနေနဲ့ သူမရဲ့စာမျက်နှာမှာ တင်ခဲ့တာပဲဖြစ်ပါတယ်။ သူမမှာ ၂နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ ဒီသမီးလေးဟာပုံမှန်မဟုတ်ပဲ အသက်ရှုမဝသလိုဖြစ်နေတာလေးရက်လောက်ရှိပြီ လို့ သူမသတိထားမိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ပုံမှန်နေမကောင်းဖြစ်တဲ့လက္ခဏာလို့ပဲ သူမ ထင်ခဲ့ပြီး အမှတ်တမဲ့နေမိခဲ့ပါတယ်။ အဲဒီနောက်တော့ သမီးလေးရဲ့နှာခေါင်းတစ်ဖက်က လေမထွက်ပဲ တစ်ဖက်တည်းနဲ့အသက်ရှုနေတာကို သတိထားမိပြန်ပါတယ်။ ပုံမှန်နှာခေါင်းပိတ်နေတယ်လို့ပဲ ထင်မိပြန်ပါတယ်။

ဒါပေမယ့် အဲဒီညမှာတော့ သူမအိပ်ရာက တရေးနိုးတော့ သမီးရဲ့နှာခေါင်းထဲကို ဓာတ်မီးနဲ့ထိုးကြည့်မိပါတယ်။ အဲဒီလိုကြည့်ရင်း နှာခေါင်းအရင်းနားမှာ ငွေရောင်အရာဝထ္ထုလေးတစ်ခုကို သွားတွေ့မိတော့ သူမလန့်ဖြန့်သွားပါတယ်။ ဆွဲထုတ်ကြည့်ဖို့ကြိုးစားပေမယ့် လန့်ပြီးလက်တွေတုန်နေတာကြောင့် အဆင်မပြေခဲ့ပါဘူး။ အချိန်ကလည်း ည ၁နာရီဖြစ်နေပါပြီ။ သမီးလေးအတွက် အစိုးရိမ်လွန်သွားပြီး ၂၄နာရီဖွင့်တဲ့ ဆေးရုံကိုပြေးပြီးဆရာဝန်ထံပြခဲ့ပါတယ်။

ဆရာဝန်က အထဲကအရာဝထ္ထုကို ဆွဲထုတ်ပြီးတဲ့အခါ သမီးလေးနှာခေါင်းထဲက သွေးတွေထွက်လာတဲ့အတွက် စိုးရိမ်မိပြန်ပါတယ်။ ဒါဟာ နှာခေါင်းထဲက အရာဝထ္ထုကိုဆွဲထုတ်ရင်းထိခိုက်မိတာလို့ ဆရာဝန်ကရှင်းပြီပြီး သူမရဲ့လက်ထဲကို ငွေရောင်ချိတ်ကလေးတစ်ခုကို ထည့်ပေးခဲ့ပါတယ်။ သမီးလေးနှာခေါင်းထဲကို ဝင်ခဲ့တဲ့အရာဟာ လက်သည်းညှပ်က ချိတ်ကလေးပဲဖြစ်ပါတယ်။ အဲဒီနောက်တော့ သမီးဖြစ်သူကို ဆေးရုံကနေ အိမ်ပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးက ပုံမမှန်သလိုဖြစ်နေပါသေးပြီး နှာခေါင်းတစ်ဖက်ကလည်း အလုပ်မလုပ်သေးပါဘူး။ သေချာကြည့်လိုက်တော့ ကလေးရဲ့နှာခေါင်းထဲမှာ အဝါရောင်သန်းနေတဲ့အရာကိုထပ်တွေ့ပြန်ပါတယ်။ သူမကြိုးစားပြီးဆွဲထုတ်တဲ့အခါမှာတော့ အပ်ချည်မျင်ကြိုးတွေဟာ နှပ်တွေနဲ့လုံးပြီး နှာခေါင်းကိုပိတ်နေတာကို သိလိုက်ရပါတယ်။

ဒါဟာ သူမရဲ့ကလေးကိုသေသေချာချာဂရုမစိုက်မိတဲ့အပြစ်ဖြစ်ကြောင်း ၊ ဘာမှမဖြစ်တဲ့အတွက်ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ၊ ဒီအရွယ်ဟာငယ်သေးတဲ့အတွက် ဘာဖြစ်တယ်ဆိုတာ ခံစားရသမျှကိုမပြောနိုင်သေးကြောင်း ၊ မိဘတွေဟာ ကလေးငယ်တွေရဲ့အနီးအနားမှာ အလွယ်တကူယူငင်နိုင်တဲ့ ပစ္စည်းသေးသေးလေးတွေကို မထားသင့်ကြောင်း သတိပေးသွားပါတယ်။ အခုအချိန်မှာတော့ ကလေးငယ်ဟာ ပြန်လည်ကျန်းမာလာပြီဖြစ်ပါတယ်။ ဒီလိုမျိုးကလေးရဲ့နှာခေါင်းထဲကို အရာဝထ္ထုတွေဝင်ဖို့ဆိုတာ မလွယ်ကူပေမယ့် ကြိုတင်သတိထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သူမကြုံတွေတဲ့ဖြစ်ရပ်အား ရေးသားရင်း မိဘတွေကို သတိပေးထားတဲ့ပိုစ့်ကို လူပေါင်း ၃သောင်းနီးပါးက မျှဝေသွားကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here