အင္း၀မွာ…ေရ ၊ ေျမမွာ..ပဲခူး ဟူေသာဆုိရုိးစကားရဲ႕သမုိင္း

0
1083

အင္း၀မွာေရ
အင္း၀မွာ…ေရ ၊ ေျမမွာပဲခူး ဟူေသာစကားကုိ ေရွးလူႀကီးမ်ားမွ တစ္ဆင့္ၾကားဖူးေကာင္း ၾကားဖူးႏုိင္ပါတယ္။ ဒီလုိဆုိရျခင္းမွာ အင္း၀သည္ ေရႀကီးျခင္း ၊ မိုးေခါင္ျခင္း စသည့္ ေရႏွင့္ပတ္သတ္ေသာ ဒုကၡမ်ားေၾကာင့္ ၿမဳိ႕ပါပ်က္ခဲ့ရသည္ ဟု ဆုိလုိ႔ရေသာေၾကာင့္ပင္။ သကၠရာဇ္ ၁၇၄၁ ခုႏွစ္ မဟာဓမၼရာဇာဓိပတိ လက္ထက္တြင္ ျဖစ္ခဲ့သည့္ အျဖစ္မ်ားျဖစ္သည္။ ထုိမင္းသည္ မင္းဆုိးဟု မဆုိထုိက္ေသာ္လည္း မင္းေကာင္း မင္းျမတ္ဟု လည္း မဆုိထုိက္။ တုိင္းျပည္ေရးကုိ သိပ္စိတ္မ၀င္စားခဲ့။ နန္းတက္သည့္ႏွစ္အတြင္း၌ပင္ အင္း၀အား ဧရာ၀တီျမစ္ေရ အဆမတန္ျမင့္တက္ခဲ့ၿပီး လႏွင့္ခ်ီ၍ ျပန္မက်ခဲ့တာေၾကာင့္ “ေရရူးႀကီး” ဟုပင္နာမည္တြင္သြားသည္။ ေရကုိတားဖုိ႔ ဆည္ဖုိ႔ၾကေသာ္လည္း ေရအားကုိ မလွန္ႏုိင္ႏုိင္ခဲ့ပဲ ျမစ္ေရသည္ ျမဳိ႕တြင္းသာမက ဘုရင့္နန္းေတာ္ၾကမ္းျပင္အထိ တက္ခဲ့သည္။ ရွိသမွ် စုိက္ခင္း အားလုံးနီးပါးပ်က္စီးသျဖင့္ ေရက်သည္ႏွင့္ အလွ်င္အျမန္စုိက္ပ်ဳိး ၾကရသည္။

ေနာက္တစ္ႏွစ္ ၁၇၄၂ ခုႏွစ္တြင္ကား ေရမႀကီးေတာ့ပဲ မုိးေခါင္ျပန္သည္။ လယ္ယာကုိင္းကြ်န္း စုိက္ပ်ဳိးေရးလုပ္ငန္းမ်ား ပ်က္စီးရျပန္သည္။ ႏွစ္ႏွစ္ ဆက္တုိက္ ေရႀကီးျခင္း ၊ မုိးေခါင္ျခင္းကုိခံရေသာအခါ ဆန္ေစ်းလည္း အဆမတန္တက္လာေတာ့သည္။ မူလက ၁တင္း ၃မူးေစ်းရွိခဲ့ရာမွာ ၅က်ပ္ ၃မူးေက်ာ္အထိ အဆမတန္ႀကီးျမင့္သြားခဲ့သည္။ အစာေရစာေခါင္းပါးလြန္းသျဖင့္ ျပည္သူမ်ား ပ်က္စီးၾကရသည္။ ၿမဳိ႕ရြာအႏွံ႔၌လည္း ခုိးဆုိးလုယက္သူမ်ားေပါမ်ားလာခဲ့သည္။ ေနာက္ ၂ ႏွစ္အၾကာ ၁၇၄၄ခုႏွစ္တြင္ ၁၂နာရီၾကာေသာမီးႀကီးေလာင္ရာ တစ္ၿမဳိ႕လုံးနီးပါးပ်က္စီးရျပန္သည္။
လူဆုိး ၊ သူခုိးမ်ားမွာ နယ္စားၿမဳိ႕စားမ်ားႏွင့္ ေပါင္းကာေ၀မွ်စားသျဖင့္ တရားဥပေဒလည္းမရွိေတာ့။ ဘုရင္ကလည္း ဖိဖိစီးစီးမႏွိမ္ႏွင္းႏုိင္သျဖင့္ အဓိက ဒုကၡဆင္းရဲခံရသူမ်ားမွာ ဆင္းရဲသားျပည္သူမ်ားသာျဖစ္ သည္။ ေနာက္ဆုံးလူဆုိး သူခုိးဒဏ္ကုိ မခံႏုိင္ေသာ ျပည္သူမ်ားမွာ ဘုရင့္ေဆြေတာ္မ်ဳိးေတာ္ မ်ားထံတြင္ အသီးသီးကပ္မွီ၍ ကြ်န္ဘ၀ႏွင့္ေနၾကေတာ့သည္။ ထုိအတြင္း ကသည္းအေရး ၊ ဟံသာ၀တီ အေရး ႏွင့္ ေကြ႕အေရး တုိ႔ေပၚလာျပန္ရာ ဘုရင္အဖုိ႔ အရူးမီး၀ုိင္း သလုိ ျဖစ္ခဲ့ျပန္သည္။

ျပည္သူတုိ႔မွာ စစ္ေရးစစ္ရာကုိလည္း မျပင္ႏုိင္ ၊ စုိက္ပ်ဳိးေရးလည္းေကာင္းစြာ မလုပ္ႏုိင္သျဖင့္ အငတ္ေဘးပုိမုိႀကီးမားလာခဲ့သည္။ ဆန္ေစ်းမွာလည္း ၁၆ က်ပ္အထိျမင့္တက္သြားရာ မေနႏုိင္သူမ်ားမွာ ဧရာ၀တီျမစ္ကုိစုန္၍ ေအာက္ျပည္သုိ႔ေျပးၾကေလသည္။ ဘုရင့္ခဗ်ာမွာလည္း ၂ႏွစ္ေက်ာ္ ၃ႏွစ္ၾကာ က်ီေတာ္ထဲမွ စပါးမ်ားကို ျပည္သူမ်ားထံ ေ၀မွ်ေပးခဲ့သည္။ က်ီေတာ္ထဲမွ စပါးမ်ားကုန္သြားေသာ္ ေရႊေငြတုိ႔အား ထုတ္ေပးကာ ၀ယ္စားေစခဲ့ျပန္သည္။ ဆန္ေစ်းမွာ ၈၀ က်ပ္ အထိရွိသြားခဲ့သည္။ သုိ႔ေသာ္ေစ်းသာရွိေသာ္လည္း ၀ယ္စားရန္ ဆန္ကားလုံး၀ မရွိေတာ့။ အင္း၀ျပည္သူ ျပည္သားတုိ႔မွာ ဘာကုိမွ်မေတြးေတာ့ မဆင္ျခင္ႏုိင္ေတာ့။ ရွိသမွ် ကြ်ဲ ႏြား ျမင္း တုိ႔ကုိ သတ္ စားၾကေလသည္။ ကြ်ဲ ႏြား မရွိသူတုိ႔ကား လူေသေကာင္မ်ားကို စားၾကသည္အထိ အငတ္ေဘးႀကီးထြားခဲ့သည္။ ၾကာေသာ္လူအခ်င္းခ်င္းပင္ သတ္ျဖတ္ခုတ္ထစ္ေတာ့မည္အထိ ျဖစ္လာမည္မွာ မလြဲေတာ့ေပ။

ထုိအခ်ိန္တြင္ ဟံသာ၀တီစစ္သည္တုိ႔က အင္း၀ျပည္အား ပိတ္ဆုိ႔၀န္းရံလုိက္သည့္အခါ အင္း၀ဘုရင္မဟာဓမၼရာဇာဓိပတိသည္ ၁၇၅၂ ႏွစ္တြင္ တုိင္းျပည္ကုိ လက္လႊတ္ကာ ဟံသာ၀တီသုိ႔ ပါသြားရေတာ့သည္။ အင္း၀ျပည္ႀကီးလည္းပ်က္စီးသြားခဲ့ရသည္။ မုိးေခါင္ျခင္း ၊ ေရႀကီးျခင္းမွ အစျပဳ၍ အင္း၀ျပည္ႀကီး ပ်က္စီးခဲ့ရေသာေၾကာင့္ “အင္း၀မွာ…ေရ” ဟူေသာ စကားလည္း ေပၚေပါက္လာေတာ့သည္။

ေျမမွာ..ပဲခူး
အင္း၀ မွာ..ေရ ၊ ေျမမွာ..ပဲခူး ဟူေသာ ဆုိရုိးစကားအရ အင္း၀ သည္ ေရဖ်က္၍ ပ်က္ခဲ့ရသလုိ ပဲခူးသည္လည္း ငလွ်င္ဒါဏ္ေၾကာင့္ ၿမဳိ႕ပ်က္မတတ္ႀကဳံေတြ႔ခဲ့ရပါတယ္။ ျမန္မာႏုိင္ငံတြင္ ငလွ်င္ဒါဏ္အခံရဆုံးေနရာကို ျပပါဆုိလွ်င္ပဲခူးကုိပင္ ျပရမွာပါ။ ပဲခူးၿမဳိ႕ကုိ သကၠရာဇ္ ၁၈၇ ခုႏွစ္မွာ မဟာသမလမင္း က စတင္တည္ေထာင္ခဲ့ပါတယ္။ အဲဒီေနာက္ ညီေတာ္၀ိမလမင္း ၊ အသားမင္းသားေခၚ အႆကုမၼာတင္း ၊ အရိႏၵမမင္း ႏွင့္ မဟိႎသရာဇာမင္းထိ မင္း ၅ ဆက္ စုိးစံၿပီးခ်ိန္မွာ ငလွ်င္နဲ႔စတင္ႀကဳံရပါတယ္။ သမုိင္းမွတ္တမ္းမ်ားအရ မဟိ႔သရာဇာမင္းလက္ထက္မွာ ေတာ္လဲသံႀကီး ျမည္ဟီးစြာၾကားရျခင္း ၊ ဥကၠာပ်ံမ်ားက်ျခင္း ၊ ေလမုန္တုိင္းျပင္းထန္စြာ တုိက္ျခင္း ႏွင့္ ေျမငလွ်င္ႀကီးစြာလႈပ္ျခင္း စသည္တုိ႔ႏွင့္ ရင္ဆုိင္ေတြ႔ရတယ္လုိ႔ ဆုိပါတယ္။ အဆုိးဆုံးမွာ မင္းအဆက္ဆက္ကုိးကြယ္လာခဲ့တဲ့ ေရႊေမာ္ေဓာေစတီႀကီး ထီးေတာ္ေျမခခဲ့သည့္ အျပင္ရြဲလုံးေတာ္အထိ ၿပဳိက်ခဲ့တာပါပဲ။

ပဲခူးဟာ ငလွ်င္ႀကီးငယ္ဒါဏ္ကုိ ၃၂ႀကိမ္ခန္႔ အႀကိမ္ႀကိမ္ခံစားခဲ့ရေၾကာင္း ေရႊေမာ္ေဓာသမုိင္း ႏွင့္ သထုံရာဇ၀င္ အဆုိအရ သိရပါတယ္။ အႀကီးဆုံးငလွ်င္ ၅ ႀကိမ္ႀကဳံေတြ႔ခဲ့ပါတယ္။ သကၠရာဇ္ ၂၃၇ ၊ ၁၁၉၄ ၊ ၁၂၇၄ ၊ ၁၂၇၉ ၊ ၁၂၉၂ ခုႏွစ္ေတြမွာ လႈပ္ခဲ့တဲ့ ငလွ်င္ေတြပါပဲ။ ေနာက္ဆုံး ၁၂၉၂ (ေအဒီ ၁၉၃၀) မွာ လႈပ္ခဲ့တဲ့ ငလွ်င္ကေတာ့ ျမန္မာ့သမုိင္းမွာ အႀကီးမားဆုံးလုိ႔ ဆုိရမယ့္ ငလွ်င္ပါပဲ။ ငလွ်င္ျပင္းအား အဆင့္ ၁၀ ရွိၿပီး စတုရန္းမုိင္ ၂၂၀၀၀၀ ပတ္လည္ထိလႈပ္ခတ္ေစခဲ့ၿပီး လူေပါင္း ၅၀၀ ေက်ာ္ေသဆုံးကာ ပဲခူးတစ္ၿမဳိ႕လုံးနီးပါးပ်က္စီးခဲ့ရပါတယ္။ ထုိငလွ်င္ႀကီးေၾကာင့္ ႏွစ္ေပါင္း ၂၅၀၀ေက်ာ္ သက္တမ္းရွိတဲ့ ေရႊေမာ္ေဓာေစတီႀကီးမွာ ေအာက္ပထမ ပစၥယံအထိ အႀကီးအက်ယ္ပ်က္စီး ၿပီး ေျမခခဲ့ရျပန္ပါတယ္။ ငလွ်င္ေၾကာင့္ တစ္ၿမဳိ႕လုံးရွိ ပ်က္စီးခဲ့ရုံသာမက ငလွ်င္ၿပီးတဲ့ေနာက္မွာလည္း မီေလာင္မႈမ်ား ဆက္လက္ျဖစ္ပြားခဲ့ပါေသးတယ္။ ထုိငလွ်င္ေၾကာင့္ ပဲခူးသာမက ရန္ကုန္ၿမဳိ႕လည္း အေတာ္အတန္ ပ်က္စီးခဲ့ရပါတယ္။ ေရႊတိဂုံေစတီ စိန္ဖူးေတာ္ပင္ ေျမခေစခဲ့ရတဲ့ ငလွ်င္ပါ။

အင္း၀ သည္ ေရေၾကာင့္ပ်က္စီးခဲ့ရသလုိ ပဲခူးသည္လည္း ေျမေၾကာင့္ အႀကိမ္ႀကိမ္ပ်က္စီးခဲ့ရၿပီး အႀကိမ္ႀကိမ္ျပန္လည္ ထူေထာင္ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း ေရွးလူႀကီးေတြက “အင္း၀မွာေရ ၊ ေျမမွာပဲခူး” ဆုိေသာ စကားကုိ ဆုိရုိးျပဳသြားၾကျခင္း ျဖစ္ပါေတာ့တယ္။

Ref:
က်ိန္စာသင့္တဲ့ သမုိင္းပုံရိပ္မ်ား – သန္းထြန္း(လွည္းကူး)
ျမန္မာ့စြယ္စုံက်မ္း


အင်းဝမှာ…ရေ ၊ မြေမှာ..ပဲခူး ဟူသောဆိုရိုးစကားရဲ့သမိုင်း (unicode)

အင်းဝမှာရေ
အင်းဝမှာ…ရေ ၊ မြေမှာပဲခူး ဟူသောစကားကို ရှေးလူကြီးများမှ တစ်ဆင့်ကြားဖူးကောင်း ကြားဖူးနိုင်ပါတယ်။ ဒီလိုဆိုရခြင်းမှာ အင်းဝသည် ရေကြီးခြင်း ၊ မိုးခေါင်ခြင်း စသည့် ရေနှင့်ပတ်သတ်သော ဒုက္ခများကြောင့် မြို့ပါပျက်ခဲ့ရသည် ဟု ဆိုလို့ရသောကြောင့်ပင်။ သက္ကရာဇ် ၁၇၄၁ ခုနှစ် မဟာဓမ္မရာဇာဓိပတိ လက်ထက်တွင် ဖြစ်ခဲ့သည့် အဖြစ်များဖြစ်သည်။ ထိုမင်းသည် မင်းဆိုးဟု မဆိုထိုက်သော်လည်း မင်းကောင်း မင်းမြတ်ဟု လည်း မဆိုထိုက်။ တိုင်းပြည်ရေးကို သိပ်စိတ်မဝင်စားခဲ့။ နန်းတက်သည့်နှစ်အတွင်း၌ပင် အင်းဝအား ဧရာဝတီမြစ်ရေ အဆမတန်မြင့်တက်ခဲ့ပြီး လနှင့်ချီ၍ ပြန်မကျခဲ့တာကြောင့် “ရေရူးကြီး” ဟုပင်နာမည်တွင်သွားသည်။ ရေကိုတားဖို့ ဆည်ဖို့ကြသော်လည်း ရေအားကို မလှန်နိုင်နိုင်ခဲ့ပဲ မြစ်ရေသည် မြို့တွင်းသာမက ဘုရင့်နန်းတော်ကြမ်းပြင်အထိ တက်ခဲ့သည်။ ရှိသမျှ စိုက်ခင်း အားလုံးနီးပါးပျက်စီးသဖြင့် ရေကျသည်နှင့် အလျှင်အမြန်စိုက်ပျိုး ကြရသည်။

နောက်တစ်နှစ် ၁၇၄၂ ခုနှစ်တွင်ကား ရေမကြီးတော့ပဲ မိုးခေါင်ပြန်သည်။ လယ်ယာကိုင်းကျွန်း စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးရပြန်သည်။ နှစ်နှစ် ဆက်တိုက် ရေကြီးခြင်း ၊ မိုးခေါင်ခြင်းကိုခံရသောအခါ ဆန်ဈေးလည်း အဆမတန်တက်လာတော့သည်။ မူလက ၁တင်း ၃မူးဈေးရှိခဲ့ရာမှာ ၅ကျပ် ၃မူးကျော်အထိ အဆမတန်ကြီးမြင့်သွားခဲ့သည်။ အစာရေစာခေါင်းပါးလွန်းသဖြင့် ပြည်သူများ ပျက်စီးကြရသည်။ မြို့ရွာအနှံ့၌လည်း ခိုးဆိုးလုယက်သူများပေါများလာခဲ့သည်။ နောက် ၂ နှစ်အကြာ ၁၇၄၄ခုနှစ်တွင် ၁၂နာရီကြာသောမီးကြီးလောင်ရာ တစ်မြို့လုံးနီးပါးပျက်စီးရပြန်သည်။
လူဆိုး ၊ သူခိုးများမှာ နယ်စားမြို့စားများနှင့် ပေါင်းကာဝေမျှစားသဖြင့် တရားဥပဒေလည်းမရှိတော့။ ဘုရင်ကလည်း ဖိဖိစီးစီးမနှိမ်နှင်းနိုင်သဖြင့် အဓိက ဒုက္ခဆင်းရဲခံရသူများမှာ ဆင်းရဲသားပြည်သူများသာဖြစ် သည်။ နောက်ဆုံးလူဆိုး သူခိုးဒဏ်ကို မခံနိုင်သော ပြည်သူများမှာ ဘုရင့်ဆွေတော်မျိုးတော် များထံတွင် အသီးသီးကပ်မှီ၍ ကျွန်ဘ၀နှင့်နေကြတော့သည်။ ထိုအတွင်း ကသည်းအရေး ၊ ဟံသာဝတီ အရေး နှင့် ကွေ့အရေး တို့ပေါ်လာပြန်ရာ ဘုရင်အဖို့ အရူးမီးဝိုင်း သလို ဖြစ်ခဲ့ပြန်သည်။

ပြည်သူတို့မှာ စစ်ရေးစစ်ရာကိုလည်း မပြင်နိုင် ၊ စိုက်ပျိုးရေးလည်းကောင်းစွာ မလုပ်နိုင်သဖြင့် အငတ်ဘေးပိုမိုကြီးမားလာခဲ့သည်။ ဆန်ဈေးမှာလည်း ၁၆ ကျပ်အထိမြင့်တက်သွားရာ မနေနိုင်သူများမှာ ဧရာဝတီမြစ်ကိုစုန်၍ အောက်ပြည်သို့ပြေးကြလေသည်။ ဘုရင့်ခဗျာမှာလည်း ၂နှစ်ကျော် ၃နှစ်ကြာ ကျီတော်ထဲမှ စပါးများကို ပြည်သူများထံ ဝေမျှပေးခဲ့သည်။ ကျီတော်ထဲမှ စပါးများကုန်သွားသော် ရွှေငွေတို့အား ထုတ်ပေးကာ ဝယ်စားစေခဲ့ပြန်သည်။ ဆန်ဈေးမှာ ၈၀ ကျပ် အထိရှိသွားခဲ့သည်။ သို့သော်ဈေးသာရှိသော်လည်း ဝယ်စားရန် ဆန်ကားလုံး၀ မရှိတော့။ အင်း၀ပြည်သူ ပြည်သားတို့မှာ ဘာကိုမျှမတွေးတော့ မဆင်ခြင်နိုင်တော့။ ရှိသမျှ ကျွဲ နွား မြင်း တို့ကို သတ် စားကြလေသည်။ ကျွဲ နွား မရှိသူတို့ကား လူသေကောင်များကို စားကြသည်အထိ အငတ်ဘေးကြီးထွားခဲ့သည်။ ကြာသော်လူအချင်းချင်းပင် သတ်ဖြတ်ခုတ်ထစ်တော့မည်အထိ ဖြစ်လာမည်မှာ မလွဲတော့ပေ။

ထိုအချိန်တွင် ဟံသာဝတီစစ်သည်တို့က အင်း၀ပြည်အား ပိတ်ဆို့ဝန်းရံလိုက်သည့်အခါ အင်းဝဘုရင်မဟာဓမ္မရာဇာဓိပတိသည် ၁၇၅၂ နှစ်တွင် တိုင်းပြည်ကို လက်လွှတ်ကာ ဟံသာဝတီသို့ ပါသွားရတော့သည်။ အင်း၀ပြည်ကြီးလည်းပျက်စီးသွားခဲ့ရသည်။ မိုးခေါင်ခြင်း ၊ ရေကြီးခြင်းမှ အစပြု၍ အင်း၀ပြည်ကြီး ပျက်စီးခဲ့ရသောကြောင့် “အင်းဝမှာ…ရေ” ဟူသော စကားလည်း ပေါ်ပေါက်လာတော့သည်။

မြေမှာ..ပဲခူး
အင်း၀ မှာ..ရေ ၊ မြေမှာ..ပဲခူး ဟူသော ဆိုရိုးစကားအရ အင်း၀ သည် ရေဖျက်၍ ပျက်ခဲ့ရသလို ပဲခူးသည်လည်း ငလျှင်ဒါဏ်ကြောင့် မြို့ပျက်မတတ်ကြုံတွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံတွင် ငလျှင်ဒါဏ်အခံရဆုံးနေရာကို ပြပါဆိုလျှင်ပဲခူးကိုပင် ပြရမှာပါ။ ပဲခူးမြို့ကို သက္ကရာဇ် ၁၈၇ ခုနှစ်မှာ မဟာသမလမင်း က စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက် ညီတော်ဝိမလမင်း ၊ အသားမင်းသားခေါ် အဿကုမ္မာတင်း ၊ အရိန္ဒမမင်း နှင့် မဟိံသရာဇာမင်းထိ မင်း ၅ ဆက် စိုးစံပြီးချိန်မှာ ငလျှင်နဲ့စတင်ကြုံရပါတယ်။ သမိုင်းမှတ်တမ်းများအရ မဟိ့သရာဇာမင်းလက်ထက်မှာ တော်လဲသံကြီး မြည်ဟီးစွာကြားရခြင်း ၊ ဥက္ကာပျံများကျခြင်း ၊ လေမုန်တိုင်းပြင်းထန်စွာ တိုက်ခြင်း နှင့် မြေငလျှင်ကြီးစွာလှုပ်ခြင်း စသည်တို့နှင့် ရင်ဆိုင်တွေ့ရတယ်လို့ ဆိုပါတယ်။ အဆိုးဆုံးမှာ မင်းအဆက်ဆက်ကိုးကွယ်လာခဲ့တဲ့ ရွှေမော်ဓောစေတီကြီး ထီးတော်မြေခခဲ့သည့် အပြင်ရွဲလုံးတော်အထိ ပြိုကျခဲ့တာပါပဲ။

ပဲခူးဟာ ငလျှင်ကြီးငယ်ဒါဏ်ကို ၃၂ကြိမ်ခန့် အကြိမ်ကြိမ်ခံစားခဲ့ရကြောင်း ရွှေမော်ဓောသမိုင်း နှင့် သထုံရာဇဝင် အဆိုအရ သိရပါတယ်။ အကြီးဆုံးငလျှင် ၅ ကြိမ်ကြုံတွေ့ခဲ့ပါတယ်။ သက္ကရာဇ် ၂၃၇ ၊ ၁၁၉၄ ၊ ၁၂၇၄ ၊ ၁၂၇၉ ၊ ၁၂၉၂ ခုနှစ်တွေမှာ လှုပ်ခဲ့တဲ့ ငလျှင်တွေပါပဲ။ နောက်ဆုံး ၁၂၉၂ (အေဒီ ၁၉၃၀) မှာ လှုပ်ခဲ့တဲ့ ငလျှင်ကတော့ မြန်မာ့သမိုင်းမှာ အကြီးမားဆုံးလို့ ဆိုရမယ့် ငလျှင်ပါပဲ။ ငလျှင်ပြင်းအား အဆင့် ၁၀ ရှိပြီး စတုရန်းမိုင် ၂၂၀၀၀၀ ပတ်လည်ထိလှုပ်ခတ်စေခဲ့ပြီး လူပေါင်း ၅၀၀ ကျော်သေဆုံးကာ ပဲခူးတစ်မြို့လုံးနီးပါးပျက်စီးခဲ့ရပါတယ်။ ထိုငလျှင်ကြီးကြောင့် နှစ်ပေါင်း ၂၅၀၀ကျော် သက်တမ်းရှိတဲ့ ရွှေမော်ဓောစေတီကြီးမှာ အောက်ပထမ ပစ္စယံအထိ အကြီးအကျယ်ပျက်စီး ပြီး မြေခခဲ့ရပြန်ပါတယ်။ ငလျှင်ကြောင့် တစ်မြို့လုံးရှိ ပျက်စီးခဲ့ရုံသာမက ငလျှင်ပြီးတဲ့နောက်မှာလည်း မီလောင်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပါသေးတယ်။ ထိုငလျှင်ကြောင့် ပဲခူးသာမက ရန်ကုန်မြို့လည်း အတော်အတန် ပျက်စီးခဲ့ရပါတယ်။ ရွှေတိဂုံစေတီ စိန်ဖူးတော်ပင် မြေခစေခဲ့ရတဲ့ ငလျှင်ပါ။

အင်း၀ သည် ရေကြောင့်ပျက်စီးခဲ့ရသလို ပဲခူးသည်လည်း မြေကြောင့် အကြိမ်ကြိမ်ပျက်စီးခဲ့ရပြီး အကြိမ်ကြိမ်ပြန်လည် ထူထောင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ရှေးလူကြီးတွေက “အင်းဝမှာရေ ၊ မြေမှာပဲခူး” ဆိုသော စကားကို ဆိုရိုးပြုသွားကြခြင်း ဖြစ်ပါတော့တယ်။

Ref:
ကျိန်စာသင့်တဲ့ သမိုင်းပုံရိပ်များ – သန်းထွန်း(လှည်းကူး)
မြန်မာ့စွယ်စုံကျမ်း

LEAVE A REPLY

Please enter your comment!
Please enter your name here