ခင်ပွန်းဖြစ်သူ မိခင်နဲ့ဖောက်ပြန်နေတာကို သိသွားလို့ကိုယ်ဝန်ဆောင်ဇနီးသည်အဆုံးစီရင်

0
3373

ခင်ပွန်းဖြစ်သူက မိခင်နဲ့ဖောက်ပြန်နေတာကို သိရှိသွားခဲ့တာကြောင့် ကိုယ်ဝန်ဆောင်ဇနီးသည်မှာ သေကြောင်းကြံစည်သွားခဲ့တယ်လို့ သိရပါတယ်။ အာဖရိက၊ ဂါနာမှာနေထိုင်တဲ့ မိသားစု တစ်ခုမှာ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူက နေအိမ်သို့ အပြင်က ပြန်ရောက်ချိန်မှာ ခင်ပွန်းအမျိုးသားနဲ့ မိခင် တို့နှစ် ဦးသား အိပ်ယာပေါ် အတူရှိနေလျက်သားကို တွေ့ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ပွန်းနဲ့ မိခင် တို့နှစ် ဦးသားရဲ့ နီးကပ်လွန်းတဲ့ ဆက်ဆံရေးကို မသင်္ကာဖြစ်နေခဲ့တဲ့ ကိုယ်ဝန်ဆောင် ဇနီးသည်မှာ သံသယ အဖြေကိုရှာဖွေလိုတာကြောင့် ဈေးဝယ်ထွက်သွားခဲ့တဲ့ ခရီးစဉ်ကို အစောပြန် ခဲ့ရာကနေ အဖြစ်မှန်ကို သိရှိသွားခဲ့ပါတယ်။

ဒါ့အပြင်ကို မိခင်ဖြစ်သူမှာလည်း သူမရဲ့ ခင်ပွန်းအမျိုးသားနဲ့ ရထားတဲ့ကိုယ်ဝန်ကိုတောင် လွယ်နေခဲ့ ရပြီး ဖြစ်တယ်လို့ သိရှိခဲ့ပါတယ်။ ဒီ့အတွက်ကြောင့် မိသားစုတွင်း အရှက်ရဖွယ်ရနဲ့ စိတ်ပျက်ဖွယ်ရာ ကောင်းတဲ့ လိမ်လည်မှု၊ ဖောက်ပြန်မှုတွေကို အဆုံးသတ်ဖို့ သမီးဖြစ်သူ ကိုယ်ဝန်ဆောင်ဇနီးသည် အမျိုးသမီးမှာ သေကြောင်းကြံစည်က အဆုံးသတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ခင်ပွန်းနဲ့ မိခင်ဖြစ်သူတို့မှာ ကိုယ်ဝန်ဆောင်ဇနီးသည် အမျိုးသမီးရဲ့ နောက်ကွယ်မှာ ဖောက်ပြန်ပြီး တစ်ဦးကို တစ်ဦးချစ်ရည်မျှပြီး အဆင့်တွေကျော်လွန်တဲ့ အထိတောင် ဖြစ်နေကြတာကြောင့် ဇနီးသည် မှာ နေအိမ်ခေါင်မိုးထပ်ကနေ ခုန်ချပြီး သတ်သေသွားခဲ့ တာဖြစ်ပါတယ်။ သေဆုံးမှုမဖြစ်ပွားခင်မှာ မိသားစုဝင်အတွင်းမှာ ယင်းကဲ့သို့ စိတ်ဆင်းရဲစရာကောင်းပြီး စိတ်ပျက်စရာကောင်းတဲ့ အဖြစ်အပျက် အခြေအနေကြောင့် ဇနီးသည်မှာ စိတ်သောကရောက် စိတ်ထိခိုက်မှုတွေ အများအပြားခံစားခဲ့ရတယ်လို့လည်း သိရပါတယ်။

သမီးဖြစ်သူရဲ့ ခင်ပွန်းကို အမေဖြစ်သူက ပြန်လည်ယူပြီး ပေါင်းသင်းနေခဲ့တဲ့ အဖြစ်အပျက်က အပြင် လူတွေလုံးဝမသိရှိခဲ့ပဲ အချိန်ကြာကြာဖုံးကွယ် ဖြေရှင်းခဲ့ကြတယ်လို့လည်း သိရကာ နောက်ဆုံး မှာတော့ ကိုယ်ဝန်ဆောင် ဇနီးသည် အမျိုးသမီးဟာ သေကြောင်းကြံစည်ခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။မေ(ရွှေအင်းလေး)

LEAVE A REPLY

Please enter your comment!
Please enter your name here