“အသက္မဲ့ၿပီးသူေတြအတြက္ သီးသန္႔ရည္ရြယ္တဲ့ ဟိုတယ္”

0
185

တစ္နည္းေျပာရရင္ေတာ့ အဆင့္ျမင့္ ေရခဲတိုက္ပါပဲ။ဘယ္မွာမွမ႐ွိတဲ့ အေလာင္းေကာင္ဟိုတယ္ကို ဂ်ပန္မွာ ဖြင့္လွစ္ထားပါတယ္။ ေသဆံုးသူတုိ႔ရဲ႕ ႐ုပ္အေလာင္းကို ႏွစ္ေပါင္းမ်ားစြာ ျမင္ခ်င္တဲ့ က်န္ရစ္သူေတြက အေလာင္းကို ဟိုတယ္မွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ထားႏိုင္မွာပါ။

 

Sousou လို႔ အမည္ေပးထားတဲ့ ဟိုတယ္ဟာ ကာဝါဆာကီၿမိဳ႕ေတာ္မွာ တည္႐ွိပါတယ္။ အေလာင္းေကာင္ေတြကို ေသေသသပ္သပ္နဲ႔ အဆင့္ျမင့္ျမင့္ ထားေပးတဲ့ ဝန္ေဆာင္မႈကို ဟိုတယ္မွာ ရ႐ွိႏိုင္ပါတယ္။ အေလာင္းေကာင္တစ္ခုကို ဟိုတယ္မွာထားမယ္ဆို တစ္ညကို ၅၈ ေပါင္ (ယန္းေငြ ၉၀၀၀) နဲ႔ ထား႐ွိႏိုင္ပါတယ္။

 

လာေရာက္ထား႐ွိတဲ့ အေလာင္းေကာင္အတြက္ ေရခဲေတြနဲ႔ ထားမွာမဟုတ္ဘဲ အဲကြန္းေပးထားတဲ့ အခန္းထဲမွာသာ ထားေပးမွာပါ။

 

ေသဆံုးသူရဲ႕ အသုဘအခမ္းအနား မက်င္းပမီအခ်ိန္အထိ အေလာင္းကို ဟိုတယ္မွာ ေလးရက္နဲ႔အထက္ ထား႐ွိႏိုင္မယ္လို႔ သိရပါတယ္။ ဒီဟိုတယ္ဟာ ၂၀၁၄ ခုႏွစ္ကတည္းက ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး အေလာင္းကို ေရခဲတိုက္မပို႔ခ်င္တဲ့ မိသားစုဝင္ေတြကေတာ့ ဒီဟိုတယ္မွာ အေလာင္းေတြ လာထားၾကပါတယ္။

 

Credit:Duwun

 

Unicode ဖြင့်ဖတ်ရန်

 

“အသက်မဲ့ပြီးသူတွေအတွက် သီးသန့်ရည်ရွယ်တဲ့ ဟိုတယ်”

 

တစ်နည်းပြောရရင်တော့ အဆင့်မြင့် ရေခဲတိုက်ပါပဲ။

 

ဘယ်မှာမှမရှိတဲ့ အလောင်းကောင်ဟိုတယ်ကို ဂျပန်မှာ ဖွင့်လှစ်ထားပါတယ်။ သေဆုံးသူတို့ရဲ့ ရုပ်အလောင်းကို နှစ်ပေါင်းများစွာ မြင်ချင်တဲ့ ကျန်ရစ်သူတွေက အလောင်းကို ဟိုတယ်မှာ နှစ်ပေါင်းများစွာကြာအောင် ထားနိုင်မှာပါ။

 

Sousou လို့ အမည်ပေးထားတဲ့ ဟိုတယ်ဟာ ကာဝါဆာကီမြို့တော်မှာ တည်ရှိပါတယ်။ အလောင်းကောင်တွေကို သေသေသပ်သပ်နဲ့ အဆင့်မြင့်မြင့် ထားပေးတဲ့ ဝန်ဆောင်မှုကို ဟိုတယ်မှာ ရရှိနိုင်ပါတယ်။ အလောင်းကောင်တစ်ခုကို ဟိုတယ်မှာထားမယ်ဆို တစ်ညကို ၅၈ ပေါင် (ယန်းငွေ ၉၀၀၀) နဲ့ ထားရှိနိုင်ပါတယ်။

 

လာရောက်ထားရှိတဲ့ အလောင်းကောင်အတွက် ရေခဲတွေနဲ့ ထားမှာမဟုတ်ဘဲ အဲကွန်းပေးထားတဲ့ အခန်းထဲမှာသာ ထားပေးမှာပါ။

 

သေဆုံးသူရဲ့ အသုဘအခမ်းအနား မကျင်းပမီအချိန်အထိ အလောင်းကို ဟိုတယ်မှာ လေးရက်နဲ့အထက် ထားရှိနိုင်မယ်လို့ သိရပါတယ်။ ဒီဟိုတယ်ဟာ ၂၀၁၄ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အလောင်းကို ရေခဲတိုက်မပို့ချင်တဲ့ မိသားစုဝင်တွေကတော့ ဒီဟိုတယ်မှာ အလောင်းတွေ လာထားကြပါတယ်။

Credit:Duwun​

LEAVE A REPLY

Please enter your comment!
Please enter your name here